Generator Services

    Warranty ကာလအတွင်းဆောင်ရွက်ပေးနိုင်မည့်အချက်များ

  • ကျွန်တော်များ GSP Company မှ Generator များကို Customer ထံ Free Delivery ပို့ဆောင်ပေးရာတွင် Crane Truck ၀င်ရောက်နိုင်သောနေရာအထိသာပို့ဆောင်ပေးမည်ဖြစ်ပြီး၊ဆက်လက်၍ပြောင်းရွှေ့လိုပါက Customer များဘက်မှကျခံရမည်ဖြစ်ပါသည်။
  • ကျွန်တော်များ GSP Company Limited မှတင်သွင်းဖြန့်ချီသော Generator များအားသုံးစွဲသူများအတွက် 1 Year Warranty ( Running Hour 1500 ) Free spare parts and Free Service Charges ပေးထားသော်လည်း Operator Faults ကြောင့်ဖြစ်ပေါ်လာသောလဲလှယ်တပ်ဆင်ရမည့်ပစ္စည်းများတို့အတွက် Customer များဘက်မှ ကုန်ကျခံရမည် ဖြစ်ပါသည်။
  • Servicing အနေဖြင့် GSP Company မှဝယ်ယူထားသော Generator များကို Running Hour 250 ပြည့်လျှင် Engine Oil လဲလှယ်ခြင်း၊ Fuel Filter , Engine Oil Filter, Fuel Water Separator လဲလှယ် ခြင်းတို့ကို Free Service လာရောက်လုပ်ဆောင်ပေးမည်ဖြစ်ပြီးပစ္စည်းတန်ဖိုး၊ ကုန်ကျစရိတ် တို့ကိုသုံးစွဲသူများဘက်မှ ကျခံရမည်ဖြစ်ပါသည်။
  • Emergency On Call Service အတွက်အကြောင်းကြားမှု Phone လက်ခံရရှိသည့်အချိန်မှစ၍(၂)နာရီအတွင်းအမြန်ဆုံးလာရောက်ကာ Servicing ပြုလုပ်ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပါသည်။
  • Running Hour မပြည့်သေးသော်လည်း တနှစ်အတွင်း ၃ ကြိမ်လာရောက်ကာ ကျွန်တော်များ Service Team မှ Free Service လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ ဤအတွက်လည်းသုံးစွဲသူများဘက်မှ ပစ္စည်းကုန်ကျ စရိတ်တို့ကိုကျခံရမည် ဖြစ်ပါသည်။
  • Customer များဝယ်ယူထားသော GSP Generator များကိုမိမိတို့ Service Teamမှ တစ်လလျှင်တစ်ကြိမ် Routine Check ပြုလုပ်ပေးခြင်းကို Free Service အနေဖြင့်လာရောက်လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။
  • ရန်ကုန် ဧရိယာအတွင်းရှိ Customer များအတွက် Service Team ၏ကုန်ကျစရိတ်တို့မှာ Free of Charges ဖြစ်သော်လည်း၊ နယ်မှ Customer များအနေဖြင့်ကုန်ကျစရိတ် ( ခရီးစရိတ်၊စားစရိတ်၊ နေထိုင်စရိတ် ) တို့ကိုကျခံရမည်ဖြစ်ပါသည်။

    After Warranty ကာလ အတွင်းဆောင်ရွက်ပေးနိုင်မည့်အချက်များ

  • After Warranty အနေဖြင့် ကျွန်တော်များ Service Team မှ Contract Based Servicing အနေဖြင့်လက်ခံဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

    Spare Part များရရှိနိုင်မည့်အခြေအနေ

  • Spare Parts များအနေဖြင့် Customer များ အဆင်ပြေလွယ်ကူစေရန် စီမံဆောင်ရွက်ထားပါသည်။
  • Minor Overhaul အတွက် လိုအပ်သော Spare Part များကို stock တွင်ထားရှိကာ လွယ်ကူစွာရရှိနိုင်စေရန် ဆောင်ရွက်ထားပါသည်။
  • Major Overhaul အတွက်လည်းလိုအပ်သော Components Parts များကို ကျွန်တော်များ GSP Company Limited ၏ Singapore ရှိ Partner Supplier Companyနှင့်ဆက်သွယ်ကာ အလျင်မြန်ဆုံး တင်သွင်းပေး သွားမည်ဖြစ်ပါသည်။
evolx IT